တောင်ကိုရီးယားနိုင်ငံ

Article in other languages:

ကိုရီးယားသမ္မတနိုင်ငံ
S.Korea Flag.png S.Korea coa.png
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - 널리 인간을 이롭게 하라 (홍익인간)

Benefit all humankind

ပထဝီ
S. Korea Map.png
မြို့တော် ဆိုးလ်
အကြီးဆုံးမြို့ ဆိုးလ်
ဧရိယာ
  • မြေပြင်ဧရိယာ - ၁၀၀,၀၃၂ km² (အဆင့်: ၁၀၈)
  • ရေပြင်ဧရိယာ% - ၀.၃%
စံတော်ချိန်ဇုန် UTC +၉:၀၀
လူနေမှု
ရုံးသုံးဘာသာများ ကိုရီးယန်း
လူဦးရေ
လူမျိုးများ ကိုရီးယားတရုတ်ဂျပန်
နိုင်ငံရေး
အမျိုးအစား သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
စီးပွားရေး
GDP(PPP) US $၉၆၉.၈၇၁ သိန်းကုဋေ (အဆင့် - ၁၃)
GDP(PPP) US $၂၄,၈၀၃ (အဆင့် - ၂၈)
HDI ၀.၉၂၈ (အမြင့်) (အဆင့် - ၂၅)
ငွေ ဝမ် ("KRW")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .kr
Calling code +၈၂

တောင်ကိုရီးယား (ကိုရီးယား သမ္မတနိုင်ငံ) သည် အရှေ့အာရှတွင် ပါဝင်ပြီး အများအားဖြင့် ကိုရီးယားနိုင်ငံဟုသာ ခေါ်ဝေါ်ကြသည်။ ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်း ဖြစ်ပြီး အနောက်ဘက်တွင် တရုတ် ၊ အရှေ့ဘက်တွင် ဂျပန် ၊ နှင့် မြောက်ဘက်တွင် မြောက်ကိုရီးယား တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေး အထူထပ်ဆုံး မြို့ဖြစ်သည်။

စီးပွားရေး

ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ပြီးခဲ့သော ဆယ်စုနှစ် လေးခုအတွင်း ကမ္ဘာပေါ်တွင် ဒုတိယ ဖြစ်ခဲ့သည်။ ကိုရီးယား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပက်သတ်၍ ဟန်မြစ်ဝှမ်းမှ အံ့ဖွယ်ဖြစ်ရပ် ဟု တင်စားကြပြီး နိုင်ငံတကာ ပတ်ဝန်းကျင်၌ အာရှကျားလေးကောင် တွင် အပါအဝင်အဖြစ် လေးစားခြင်း ခံခဲ့ရသည်။ ထို့ကြောင့် တောင်ကိုးရီးယား၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စံနမူနာပြ ဖြစ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် သယံဇာတများ နည်းပါး၍ နိုင်ငံပိုင်နက် နယ်နမိတ် ကျဉ်းမြောင်းသော်လည်း ၄င်း၏စီးပွားရေးသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး အဖြစ် သတ်မှတ်ကြသည်။ တောင်ကိုရီးယား၏ စီးပွားရေးသည် အာရှတွင် စတုတ္ထမြောက်နှင့် ကမ္ဘာပေါ်တွင် (၁၃) ခုမြောက် အင်အား အကြီးဆုံး ဖြစ်သည်။ အမေရိကန်၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများတွင်လည်း အပါအဝင် ဖြစ်သည်။

စစ်ရေး

စစ်ရေးအင်အားကိုကြည့်လျှင် တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် ဆဌမမြောက် အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ ဒုတိယမြောက် တိုက်ပွဲဝင် အရံအင်အားများ ရှိကာ စစ်ရေးအသုံးစရိတ်သည် ကမ္ဘာပေါ်တွင် ထိပ်ဆုံး (၁၀) နိုင်ငံ စာရင်းဝင်ဖြစ်သည်။ တောင်ကိုရီးယား၏ စစ်ရေးအင်အားတွင် ကြည်းတပ် (Army)၊ ရေတပ်(Navy)၊ လေတပ် (Air Force) နှင့် ကမ်းတပ်တပ်ဖွဲ့ (Marine Corps) နှင့် အရံတပ်ဖွဲ့များ ပါဝင်သည်။ ၄င်း၏ တပ်ဖွဲ့အများစုကို ကိုရီးယား စစ်မဲ့ဇုံ ၏ အနီးအနားတွင် ချထားလျက် ရှိသည်။

တောင်ကိုရီးယား၏ အရွယ်ရောက်သည့် ယောကျ်ားလေးတိုင်းသည် စစ်မှုမထမ်းမနေရ စနစ်ဖြင့် (၂) နှစ်ကြာ စစ်မှုထမ်းရသည်။

Questions for article:

This article is from Wikipedia. All text is available under the terms of the GNU Free Documentation License.


IHS Europe: Infrared Heating Systems for Home and Business.